Uveitis ( မျက်စိအတွင်း နံရံလွှာရောင်ခြင်း)
06-May-2017မျက်စိအတွင်း နံရံလွှာရောင်ခြင်း ဆိုသည်မှာ မျက်စိအတွင်းရှိ မျက်သားနံရံအတွင်းလွှာ တစ်သျှူးလေးများ ထိခိုက်ရောင်ရမ်းခြင်း ဖြစ်သည်။
မျက်စိနီခြင်း၊ မျက်စိနာခြင်း၊ အမြင်ဝေဝါးခြင်းတို့ ရုတ်တရက် ဖြစ်ပေါ်လာပြီး အမြင်အာရုံ ထိခိုက်မှု မြန်ဆန်နိုင်ပါသည်။
လက္ခဏာများ
- မျက်စိနီခြင်း
- မျက်စိနာခြင်း
- အမြင်ဝေဝါးခြင်း
- အလင်းရောင်ကောင်းစွာ မကြည့်နိုင်ခြင်း
- အမဲစက်များ၊ အရာဝတ္ထုများ ေ့ရွလျားနေသည်ဟု မြင်ခြင်း
- အမြင်အာရုံ လျော့နည်းလာခြင်း
Uvea ဆိုသည်မှာ မျက်သားနံရံရှိ အလယ်အလွှာကို ဆိုလိုခြင်းဖြစ်ပါသည်။ ထိုအလွှာတွင် iris (မျက်သားနံရံ အေ့ရှလွှာ)၊ ciliary body
(မျက်စိမှန်ဘီလူးကို ထောက်ပံ့ပေးသော အစိတ်အပိုင်း)၊ choroid (မျက်သားနံရံ အနောက်လွှာ) တို့ပါဝင်ပါသည်။ ထိခိုက်သည့် နေရာပေါ်မူတည်၍အောက်ပါအတိုင်း အမျိုးအစားများ ခွဲခြားထားပါသည်။
- Iritis (anterior uveitis) ---- မျက်သားနံရံ အေ့ရှလွှာ ရောင်ရမ်းခြင်း ဖြစ်ပြီး အဖြစ်အများဆုံး ဖြစ်သည်။
- Cyclitis ( intermediate uveitis) ---- မျက်စိမှန်ဘီလူးအား ထောက်ပံ့ပေးထားသော ကြွက်သား ရောင်ရမ်းခြင်း
- Choroiditis and retinitis ( posterior uveitis) ---- မျက်သားနံရံ အနောက်လွှာ / မြင်လွှာ ရောင်ရမ်းခြင်း
- Diffuse uveitis ( panuveitis) ---- မျက်သားနံရံလွှာ အားလုံး ရောင်ရမ်းခြင်း
ဖြစ်ပွားရသော အကြောင်းရင်းများ
- မျက်စိကို ထိခိုက်မိခြင်း (သို့) မျက်စိခွဲထားခြင်း
- Autoimmune diseases ဟုခေါ်သည့် ကိုယ်ခံအားတုံ့ပြန်မှု စံလွဲရောဂါစုများ (e.g Sarcoidosis, Ankylosing spondylitis)
- နာတာရှည် အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ
- ကာလသားရောဂါ၊ ရေယုန်၊ တီဘီရောဂါ၊ Lyme ရောဂါ
- မျက်စိကို ထိခိုက်နိုင်သော ကင်ဆာရောဂါများ (e.g Lymphoma)
ဖြစ်နိုင်ချေများသူများ
ဆေးလိပ်သောက်သုံးသူများတွင် ပိုမိုဖြစ်နိုင်ပါသည်။
နောက်ဆက်တွဲ ပြဿနာများ
- မျက်စိရေတိမ် ဖြစ်ခြင်း
- မျက်စိအတွင်းတိမ် ဖြစ်ခြင်း
- မျက်စိအာရုံကြော ပျက်စီးခြင်း
- မျက််စိ အမြင်လွှာ ကွာကျခြင်း
- အမြင်လုံးဝ ပျောက်ဆုံးခြင်း
ဆရာဝန်နှင့် သွားရောက်ပြသသင့်သောအချက်များ
မျက်စိနာခြင်း၊ အမြင်အာရုံနှင့်ပတ်သက်၍ မရှင်းလင်းပါက မျက်စိအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်ပါသည်။
စစ်ဆေးမှုများ
- မျက်စိအထူးကုဆရာဝန်မှ အသေးစိတ် စမ်းသပ်စစ်ဆေးခြင်း
- Blood tests - သွေးစစ်ဆေးခြင်း
- မျက်စိအတွင်း၌ ရှိသော အရည်စစ်ဆေးခြင်း
- Angiography - မျက်စိအမြင်လွှာ အတွင်းရှိ သွေးလည်ပတ်မှုကို ဓါတ်ပုံရိုက်ခြင်း
- မျက်စိအမြင်လွှာ အထူကိုတိုင်းတာခြင်း
- မျက်စိအမြင်လွှာအတွင်းရှိ အရည်ပမာဏ စစ်ဆေးခြင်း
- အခြား ရောဂါလက္ခဏာများ စမ်းသပ်စစ်ဆေးခြင်း
ကုသခြင်း
- မျက်စဉ်းခတ်ခြင်း
- ပဋိဇီဝဆေး (Antibiotics) သောက်ခြင်း
- ကိုယ်ခံအား တုံ့ပြန်မှုကျဆင်းစေသည့်ဆေး ( Immunosuppressive drugs) သောက်ခြင်း
- Vitrectomy --- မျက်စိအတွင်းလွှာ ဖြတ်ထုတ်ခြင်း
Translated by Dr. Su Myat Mon Phone
Ref: Mayo clinic